တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမြို့နယ်အဆင့်စီမံချက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ကျိုင်းတုံမြို့၊ နိုဝင်ဘာ (၂၁)ရက်

     တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ပိုမိုအောင်မြင်မှုရရှိစေရန် မြို့နယ်အဆင့် စီမံချက်ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ( ၁၅ ) ရက်နေ့မှ ( ၁၆ ) ရက်နေ့ထိ ၂ ရက်တာ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ သို့ National Consult ဒေါက်တာ ရဲလှ ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း နေပြည်တော်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အေးမြချမ်းသာ ဦးဆောင်သော အဖွဲ့မှ ဆွေးနွေးပို့ချခဲ့ပြီး မြို့နယ် များမှ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ ၊ ( Health Poverty Action ) အဖွဲ့မှ တာဝန်ခံများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ပါသည်။

 

 

 

More Tags