ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လယ်ယာလုပ်သားများ၊ ပြည်သူလူထုနှင့်ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးနှင့်လူ၏ ကျန်းမာရေးအန္တရာယ်ကို ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်

ညောင်ရွှေမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်

     နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်ဌာနခွဲနှင့် ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့ ပူးပေါင်းပြီး အင်းလေးဒေသတွင် လယ်ယာလုပ်သားများ၊ ပြည်သူလူထုနှင့်ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးနှင့် လူ၏ကျန်းမာရေးအန္တရာယ်ကို ဆန်းစစ်လေ့လာခြင်းကို (၁၆-၉-၂၀၁၉)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ ကြေးရှာမြားရွာတွင်ကျင်းပပြုလုပ်ရာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူ (၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်ပတ်ဝန်းကျင် ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေခိုင်အေးမှ ပိုးသတ်ဆေးအန္တရာယ်ဘေးကင်းရေး အကြောင်းရှင်းပြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိမွန်ဝင်းက ပိုးသတ်ဆေးအညွှန်းအကြောင်း ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ပိုသတ်ဆေးစနစ်တကျကိုင်တွယ်နည်းနှင့် ပိုးသတ်ဆေးအန္တရာယ်ကင်းအောင် အကာအကွယ်ပစ္စည်း အသုံးပြုနည်းများကို ရှင်းလင်းသင်ကြားပေးခဲ့ပါသည်။

 

    အဆိုပါကွင်းဆင်းအဖွဲ့သည် ပိုးသတ်ဆေးအသုံးပြုသည့် တောင်သူများအား သွေးဖောက်စစ်ဆေးခြင်း၊ သွေးစစ်ဆေးရလဒ်များအား ရှင်းလင်းပြောကြားခြင်း၊ ပိုးသတ်ဆေးအန္တရာယ် အကြောင်း ရှင်းလင်းပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဆန်းစစ်လေ့လာခြင်းကို (၁၆-၉-၂၀၁၉) ရက်နေ့မှ (၁၈-၉-၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

More Tags