ညောင်ရွှေမြို့တွင် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်လှစ်

ညောင်ရွှေမြို့၊ မေလ (၂) ရက်

     ၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် ရှမ်းပြည်နယ်ပညာရေးညွှန်ကြားရေးမှူး (အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး) ဦးဝင်းမောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။

 

     ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က ၂၀၁၉ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

     ရှမ်းပြည်နယ်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းမြွက်ကြားပြီး လူရည်ချွန်ကျောင်းသားများကိုယ်စား ကျောင်းသားတစ်ဦးအား ရင်ထိုးတံဆပ်တပ်ဆင်ပေးပါသည်။ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများက အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းရှိ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ်(၅)ဦးအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကြပါသည်။ လူရည်ချွန်ကျောင်းသားကျောင်းသူများက ပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး ကျန်းမာရေးပြခန်း တွင် ဉာဏ်စမ်းဗဟုသုတများဖြေဆိုပြီး ဖြေဆိုနိုင်သူများအား လက်ဆောင်ပစ္စည်းများပေးခဲ့ပါသည်။

More Tags