“ဆယ်ကျော်သက် လူငယ်ကျန်းမာရေး စောင့်ရှောက်သူများအား အရည်အသွေး မြှင့်တင်ခြင်းနှင့် ပညာရေးဝန်ကြီးဌာနနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သော ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်အား ပိုမိုအားဖြည့် သင်ကြားနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ” ကျင်းပ

ဘားအံ၊ အောက်တိုဘာ (၁၁)ရက်

     ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပညာရေး၀န်ကြီးဌာန နှင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဗဟိုအဆင့် “ဆယ်ကျော်သက် လူငယ်ကျန်းမာရေး စောင့်ရှောက်သူများအား အရည်အသွေး မြှင့်တင်ခြင်းနှင့် ပညာရေးဝန်ကြီးဌာနနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သော ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်အား ပိုမိုအားဖြည့် သင်ကြားနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ” ကို ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ တော်၀င်ရတနာဟိုတယ်တွင် (၁၁-၁၀-၂၀၁၈) ရက်မှ (၁၂-၁၀-၂၀၁၈) ရက်နေ့ အထိကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာ၀န်ရှိသူများ နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဖိတ်ကြားထားသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆယ်ကျော်သက် လူငယ်ကျန်းမာရေး စောင့်ရှောက်သူများ၏ အရည်အသွေး တိုးတက်မြင့်မားစေရန်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန နှင့် ပညာရေး၀န်ကြီးဌာန ပူးပေါင်းပြီး မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သော ဘ၀တွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို ပိုမိုအားဖြည့် သင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

 

 

 

 

More Tags