ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံတွင် ဆဌမအကြိမ်မြောက် အရန်သားဖွားတစ်နှစ်သင်တန်း သင်တန်းဆင်းပွဲနှင့် ၁/၂၀၁၉ အရန်သားဖွား မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနား

ပင်းတယမြို့၊ ဇန်နဝါရီလ(၁၄)ရက်   
                                     
        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံတွင် ဆဌမအကြိမ်မြောက် အရန်သားဖွားတစ်နှစ်သင်တန်း သင်တန်းဆင်းပွဲနှင့် ၁/၂၀၁၉ အရန်သားဖွား မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို (၁၄-၁-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

    အဆိုပါအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ Tag International Development အဖွဲ့မှ ကိုယ်စားလှယ်များ၊ အရန်သားဖွားဆရာမ(အဟောင်း)များနှင့် (၂၂-၁-၂၀၁၈)မှ (၁၄-၁-၂၀၁၉)ရက်နေ့အထိ လေ့ကျင့် သင်ကြားပေးခဲ့သော အရန်သားဖွားဆရာမ(အသစ်)များ တက်ရောက်ခဲ့ ကြပါသည်။

 

     အဆိုပါ အခမ်းအနားတွင် Tag International Development အဖွဲ့မှ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် ငွေကျပ်(၁၈၂)သိန်း တန်ဘိုးရှိ ကလေးနှလုံးခုန်သံစောင့်ကြည့်စက် (CTG) (၃)လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

    ထို့နောက် သင်တန်းဆင်း အရန်သားဖွားဆရာမ(၂၇)ဦးအား AMW Kit ပုံးများနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီး ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသူများအား ဆုချီးမြှင့်ပေးခဲ့ပါသည်။

 

More Tags