ဆင်ဘိုမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့မှ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ဆင်ဘိုမြို့၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

     ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ လူမှုရေးဝန်ကြီးဦးနေဝင်းတို့ ဦးဆောင်သည့် ကွင်းဆင်းခရီးစဉ်တွင် ကချင်ပြည်နယ်ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ထွန်းဉီးတို့ လိုက်ပါလျက် ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့သို့ သွားရောက်၍ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်ဘိုဆေးရုံတွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ အတွင်းလူနာတစ်ဉီးလျှင် ထောက်ပံ့ငွေ (၂၀,၀၀၀/-) နှစ်သောင်းကျပ် နှင့် ဆေးရုံအတွက် လှူဒါန်းငွေ (၁,၀၀၀,၀၀၀/-) ဆယ်သိန်းကျပ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

 

     ထို့ပြင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဉီးစီးဌာနမှူးသည် ဆင်ဘိုဆေးရုံ၊ ဆင်ဘိုတိုက်နယ်ကျန်းမာရေးဌာန အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ကျ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး လမ်းညွှန်မှာကြားခဲ့ပါသည်။

More Tags