ဆင်ခြေထောက်ရောဂါကင်းဝေးရေးလူအားလုံးဆေးကျွေးခြင်းလုပ်ငန်း အသိပေးတင်ပြခြင်းအခမ်းအနားသို့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးတက်ရောက်

ထားဝယ်မြို့၊ ဇန်နဝါရီလ(၁၀)ရက်

     တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးလူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း အသိပေးတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် ထားဝယ်ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ တက်ရောက်ပြီး အဖွင့်အမှာစကားမြွက်ကြားခဲ့ပါသည်။

 

 

     ထို့နောက် တနင်္သာရီတိုင်းဒေသကြီးရပကနအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်းမှ ဆင်ခြေထောက်ရောဂါအကြောင်း သိကောင်းစရာများနှင့် ရောဂါကူးစက်ပုံများအားရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အခမ်းအနားသို့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ထားဝယ်ဆေးရုံအုပ်ကြီး/ဆေးရုံအုပ် နှင့် အထူးကုဆရာဝန်ကြီးများ၊ INGO/NGO များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသူများမှ ဆွေးနွေးလိုသည်များကို တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းမှ ပြန်လည်ဆွေးနွေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

More Tags