ဆေးရုံများအတွက် အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ် (DHIS 2 Software) သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ ဖေဖော်ဝါရီလ (၂၅) ရက်

        (၂၅.၂.၂၀၁၉)ရက်နေ့ နံနက် (၉)နာရီအချိန်တွင်၊ ရန်ကုန်မြို့ Central Hotel ၌ “ဆေးရုံများအတွက် အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ် (DHIS 2 Software) သင်တန်း အမှတ်စဉ်(၂)” ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကို ကျန်းမာရေးစနစ်တိုးတက်စေရန် အကောင်အထည်ဖော်လျှက်ရှိရာ၌ အခြေခံ အုတ်မြစ်ဖြစ်သော ကျန်းမာရေးသတင်းအချက်အလက်များကို အီလတ်ထရောနစ်စနစ် အခြေပြုသော အစိုးရအဖွဲ့ (e-government) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် IT နည်းပညာများကို အခြေခံသော DHIS 2 Software ဖြင့် ဆေးရုံကြီးများ၌ ထည့်သွင်းအသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ DHIS 2 Platform ကို အခြေခံ၍ တစ်နိုင်ငံလုံးအတိုင်းအတာ၌ Online စနစ်အသုံးပြုပြီး ကျန်းမာရေးသတင်းအချက်အလက်များကို အချိန်မီအစီရင်ခံနိုင်ရုံမက နောက်ဆက်တွဲ စီမံခန့်ခွဲမှုများကိုပါ နှောင့်နှေးကြန့်ကြာမှုမရှိ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။


 

   သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာဌေးလွင်၊ဒုတိယတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးသန့်၊ ခရိုင် ဦးစီးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မျက်စိဆေးရုံနှင့် အလုပ်သမားဆေးရုံကြီးတို့မှ   ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်သတင်းအချက်အလက်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်အောင်နှင့် သင်တန်းဆရာများ၊ ကြီးကြပ်ပေးမည့်သူများ၊ ဗဟိုအဆင့် အထူးကုဆေးရုံကြီးများနှင့် တိုက်နယ်ဆေးရုံများစုစုပေါင်း (၁၉)ရုံတို့မှ  သင်တန်းသား ဆေးမှတ်တမ်းဝန်ထမ်းများနှင့် စာရင်းအင်းမှူးများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

 

More Tags