ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက် ပေးပို့စနစ်၏ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဆေးဝါးစာရင်း စုပေါင်းပြုစုခြင်းနှင့် ဆန်းစစ်ခြင်းသင်တန်း (Logistics Management Information System Data Compilation) ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ပြည်သူများထံသို့ ဆေးဝါးရရှိသုံးစွဲမှု အလေအလွင့်လျော့နည်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက် ပေးပို့စနစ်အား ၂၀၁၉ခုနှစ် ဧပြီလမှ စတင်၍ သင်တန်းများပို့ချခဲ့ပါသည်။

 

     အဆိုပါ ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက် ပေးပို့စနစ်၏ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဆေးဝါးစာရင်း စုပေါင်းပြုစုခြင်းနှင့် ဆန်းစစ်ခြင်းသင်တန်း (Logistics Management Information System Data Compilation) ကို (၁၃-၈-၂၀၁၉) မှ (၁၄-၈-၂၀၁၉) ရက်နေ့များတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဆွေဇင်ဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းတွင် Web LMIS တွင် တွေ့ရှိရသော မိမိတို့ဆေးရုံ များ၏ ဆေးဝါးများစာရင်းအား အသေးစိတ် သေချာပြန်လည်စစ်ဆေးခြင်း၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်အလိုက် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာဦးစီးဌာနများ၏ ဆေးဝါးများ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများ ပေါင်းစပ်စုပေါင်း ကြည့်ရှုစစ်ဆေးခြင်းများကို သင်ကြား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ညှိနှိုင်း၊ ဆွေးနွေးပြီး ပြောကြားခဲ့ပါသည်။ ၎င်းသင်တန်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှလည်း တက်ရောက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

More Tags