ဆီးချိုရောဂါဆိုင်ရာ အရေးပေါ်ပြဿနာများကို ကုသခြင်း၊ ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများကို ကြိုတင်တားဆီးကာကွယ်ခြင်းနှင့် လျင်မြန်ထိရောက်စွာ လွှဲပို့ခြင်းဆိုင်ရာဆရာဖြစ်သင်တန်း (Management of Diabetes Emergencies, High Risk Management and Proper Referral) ကျင်းပ

ရန်ကုန်မြို့၊ ဒီဇင်ဘာလ(၂၇)ရက်

     (၂၇.၁၂.၂၀၁၈)ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် ရန်ကုန်မြို့ Vantage Luxury Yacht Hotel ၌ ဆီးချိုရောဂါဆိုင်ရာ အရေးပေါ်ပြဿနာများကို ကုသခြင်း၊ ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများကို ကြိုတင်တားဆီးကာကွယ်ခြင်းနှင့် လျှင်မြန်ထိရောက်စွာ လွှဲပို့ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ -

ဆီးချိုရောဂါနှင့် ၎င်း၏ နောက်ဆက်တွဲပြဿနာများ၏ ရောဂါဖြစ်ပွားပုံ၊ ရောဂါရှာဖွေပုံ၊

ကုသမှုပေးပုံတို့နှင့် ပတ်သက်သော ဗဟုသုတအသစ်များ ရရှိစေရန်။

ဆီးချိုရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ကိုင်တွယ်ရေးဆိုင်ရာ ဗဟုသုတများကို လက်ရှိ ကျင့်သုံးနေသော ကုထုံးများနှင့်အညီ မွမ်းမံသင်ယူနိုင်ရန်။

ဆီးချိုရောဂါဆိုင်ရာ ကုထုံးများကို ရောဂါရှင်တစ်ဦးစီ ကုသမှုပုံစံမျိုးဖြင့် လေ့ကျင့်ဆွေးနွေး နိုင်စေရန် တို့ဖြစ်သည်။

 

     အဆိုပါဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆေးတက္ကသိုလ်(၂)၊ ဆီးချိုနှင့် ဟော်မုန်းရောဂါကုဌာန၊ ဌာနမှူးပါမောက္ခ ဒေါက်တာကိုကိုနှင့် သင်ကြားရေးအဖွဲ့ဝင်ဆရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များ နှင့် ပြည်သူ့ဆေးရုံများမှ တာဝန်ခံအထူးကု သမားတော်ကြီးများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

More Tags