စဉ်ဆက်မပြတ် ဆေးပညာနှီးနှောဖလှယ်ပွဲ (CME, CNE) ကျင်းပပြုလုပ်

ဟားခါး၊ ၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်    

     စဉ်ဆက်မပြတ် ဆေးပညာနှီးနှောဖလှယ်ပွဲ (CME, CNE) ကို ဟားခါး ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အီယာန်ချင်း ဆေးဘက်ကျွမ်းကျင်-၂(ဆေးဝါး)က အစားအသောက်၊ ဆေးဝါး၊ အလှကုန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခြင်း၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ အထက်တန်း သူနာပြု ဒေါ်အီယာန်လှေးက ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ပြီး ဟားခါး ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ဆေးရုံအုပ်နှင့် လက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ပြီး တက်ရောက်သူများမှ သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags