စစ်တွေမြို့၌ (၂၀၁၈) ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

စစ်တွေမြို့၊ မတ်လ (၂၃) ရက်

     ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် (၂၀၁၈) ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဆန်းစစ် ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စစ်တွေမြို့၌ ကျင်းပပြုလုပ် ခဲ့ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

    အဆိုပါ ဆန်းစစ်ဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ်များမှ ခရိုင်၊မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တီဘီတိုက်ဖျက်ရေး တာဝန်ခံများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags