စစ်တွေမြို့၌ အာဟာရကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်ကျင်းပ

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၂) ရက်

     သြဂုတ်လ (၂၂) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အမျိုးသားအာဟာရဆိုင်ရာ မဟာဗျူဟာနှင့်ပတ်သက်သည့် အာဟာရဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အာဟာရကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လစဉ်ပုံမှန်အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ပါသည်။

 

     အစည်းအဝေးသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်/ကလေး/ကျောင်း/အာဟာရ)၊ ပြည်နယ် အာဟာရလေ့ကျင့်ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် နေသော မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ခံများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ပြည်နယ်အာဟာရလေ့ကျင့်ကွပ်ကဲရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပြီးခဲ့သည့်တစ်လအတွင်း ဆောင်ရွက်ခဲ့သော အာဟာရဖွံဖြိုးရေးလုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

More Tags