စစ်တွေမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေး မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

စစ်တွေ၊ မေလ (၂၂) ရက်

     ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော ရေချိုခရုမှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လူထုလှုပ်ရှားမှုဆောင်ရွက်ရန် ရည်ရွယ်၍ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် စစ်တွေမြို့ အာရီယန်စားသောက်ဆိုင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ရခိုင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်သည့် လက်ရှိ အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်ထွေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးနှင့်အဖွဲ့၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ၊ ကျောင်းကျန်းမာရေးဌာနခွဲ၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲတို့မှ အရာရှိများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ (၈၀) ဦးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

More Tags