စစ်တွေမြို့နယ်တွင် ပြည်နယ်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၄) ရက်

     ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေး နှင့် ညီညွတ်သည့် လူနေမှုဘဝဟန်ပုံစံများ (Healthy Life Style) သိရှိကျင့်သုံး စွဲမြဲစေရန်နှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်နယ်ပညာရေးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းပြီး နှစ်စဉ်သြဂုတ်လ ဒုတိယအပတ်ကို ‌ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် စစ်တွေမြို့နယ် ကျက်တောပြင် မူလတန်းကျောင်းတွင် သြဂုတ်လ (၁၄) ရက်နေ့၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ ကျောင်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်နေသော ကျက်တောပြင် မူလတန်းကျောင်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်၊ စစ်တွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာ၊ စစ်တွေမြို့နယ်မှ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများက ကျောင်းကျန်းမာရေးသီတင်းပတ်၏ အဓိကလုပ်ငန်း များဖြစ်သော ကျောင်းကျန်းမာရေးပညာပေး လုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း (အမှိုက် ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး)၊ ‌ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးအတွက် ကျောင်းတွင်း နေ့လယ်စာကျွေးမွေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းပေးခြင်း၊ ကျန်းမာရေး အသိပညာ သိရှိကျွမ်းကျင်မှုအား မေးမြန်းခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

More Tags