စစ်တွေမြို့နယ်အတွင်းရှိ ကိုးဆောင်ရွာ ကာကွယ်ဆေးထိုးစုရပ်သို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်

စစ်တွေ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

     တစ်နှစ်အောက်ကလေးများ ကာကွယ်ဆေးများကို အကြိမ်ပြည့်/အချိန်မှန် ထိုးနှံနိုင်စေရန်၊ ကျေးလက်ဒေသအောက်ခြေ ခက်ခဲဒေသများပါမကျန် ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု မြင့်မားစေရန်၊ ပြည်သူလူထုမှလည်း ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးနှင့် ထိ‌ရောက်မှုကို ကောင်းစွာနားလည်သဘောပေါက် လက်ခံယုံကြည်လာပြီး ကျန်းမာရေးဝန်ထမ်းနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန်ရည်ရွယ်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်၊ စစ်တွေမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာ၊ ဒေသဆိုင်ရာ ပိုလီယိုစုံစမ်းထောက်လှမ်းရေးအရာရှိ ဦးအောင်ကျော်စိုးတို့သည် ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာန၊ သစ်ကနက် ကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် ကိုးဆောင်ရွာ ကာကွယ်‌ဆေးထိုးစုရပ်သို့ ကွင်းဆင်းကြီးကြပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။


 

     အဆိုပါ ကွင်းဆင်းကြီးကြပ်အဖွဲ့သည် ယခုကာကွယ်ဆေးထိုးစုရပ်တွင် ဆေးထိုးပေးရမည့် ကလေးနှင့် ကိုယ်ဝန်ဆောင်ဦးရေ၊ လတ်တလော ကလေးများနာမကျန်းမှု ရှိ/မရှိ၊ စုရပ် ပြင်ဆင်ထားရှိမှု၊ ကာကွယ်ဆေးပုလင်းနှင့် ဆေးထိုးအပ်များ၏အခြေအနေ၊ ကာကွယ်ဆေးတုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု၊ ကာကွယ်ဆေးဖျော်စပ်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်‌ဆေးထိုးခြင်းကို အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် တွဲဖက်ဆောင်ရွက်မှု၊ ကာကွယ်ဆေးထိုးပြီး စောင့်ဆိုင်းထားရှိမှု စသည်တို့ကို ကွင်းဆင်းစစ်ဆေးခြင်းပုံစံဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

More Tags