စစ်တွေမြို့နယ် သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်း ဆေးခန်းသို့ ပြည်နယ်အဆင့်မှတာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ခြင်း ဆောင်ရွက်

စစ်တွေ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

     အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်၊ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုစနစ် ကယ်ဆယ်ရေးစခန်း များတွင် ပုံမှန်လည်ပတ်ဆောင်ရွက်မှု မြေပြင်အခြေအနေကို သိရှိနိုင်ရန်အတွက် ရည်ရွယ်ကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဒေါက်တာသိင်္ဂီမြင့်တို့သည် ဇူလိုင်လ (၁၁) ရက် နေ့တွင် စစ်တွေမြို့နယ် သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်း၊ ဆေးခန်းသို့ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     အဆိုပါ ကွင်းဆင်းအဖွဲ့သည် ဆေးခန်းတွင်ဆောင်ရွက်နေသည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သော ကိုယ်ဝန်ဆောင်နှင့် မွေးပြီးမိခင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၊ မျိုးဆက်ပွား ကျန်းမာရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ အထက်အဆင့်သို့ အရေးပေါ်လူနာလွှဲပြောင်းပေးပို့မှုအခြေအနေ၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ကျန်းမာရေးသတင်းပို့မှုစနစ်ထားရှိမှုအခြေအနေ၊ ပြင်ပလူနာကြည့်ရှုပေးသည့်အချိန်ဇယား၊ ဆေးခန်းတာဝန်ချိန် စီမံခန့်ခွဲထားရှိမှု စသည်တို့ကို ကွင်းဆင်းစစ်ဆေးပုံစံဖြင့် ကြီးကြပ်ခဲ့ပါသည်။

More Tags