စစ်တွေမြို့တွင် ၂၀၁၉-ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

စစ်တွေမြို့၊ (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်တွင် ၂၀၁၉-ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့်ဇနီး၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် သမားတော် များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေး ဝန်ကြီးဌာနမှ ဆရာ/မများနှင့်ကျောင်းသား/သူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


     ထို့နောက် ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မိန့်ခွန်းစကား ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပေးခြင်းနှင့် ပညာပေးတေးသရုပ် ဖော်များဖြင့်တင်ဆက်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

More Tags