စစ်တွေမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး TOT သင်တန်း ပြုလုပ်ကျင်းပ

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၅) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်ခန်းမ၌ သြဂုတ်လ (၁၅) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး TOT သင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ် (ရပကန) အဖွဲ့မှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံ​ကျော့ခိုင်က Dengue Haemorrhage Fever နှင့်ပတ်သက်သည့် အကြောင်းအရာများကို သင်ကြားပို့ချဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ ပြည်နယ်ကုသ​ရေးနှင့်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြား​ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်(၆)မြို့နယ်မှ ကျန်းမာရေးမှူးများ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ ရပကနအဖွဲ့မှတာဝန်ရှိသူများ၊ ကျန်းမာရေးဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များနှင့် သားဖွားဆရာမများ တက်ရောက်ခဲ့ကြပါသည်။ ၎င်းနောက် တက်ရောက်လာသူများက Dengue Haemorrhage Fever နှင့်ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

More Tags