စစ်တွေမြို့တွင် ပြည်နယ်အဆင့် မိသားစုစီမံကိန်းသင်တန်း (Family Planning Training at State Level) ကျင်းပပြုလုပ်

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ (၁) ၌ Family Planning Training at State Level သင်တန်းကို (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 
 

     အဆိုပါသင်တန်းအခမ်းအနားသို့ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ရခိုင်ပြည်နယ် မြို့နယ် (၁၇) မြို့နယ်မှ မိသားစုစီမံကိန်း လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော တိုက်နယ်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ မြို့နယ်သူနာပြု ဆရာမကြီးများ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သူနာပြုများနှင့် သားဖွားဆရာမများ တက်ရောက်ခဲ့ပြီး (၃.၁၂.၂၀၁၉) နေ့မှ (၆.၁၂.၂၀၁၉) နေ့ထိ ပြုလုပ်မည်ဖြစ်ရာ ယခုသင်တန်းကို နေပြည်တော်၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒေါက်တာမေဇင်စိုးနှင့် ဒေါက်တာဝတ်ရည်ဖြိုး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးရုံးမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်ယဉ်ဖြူနှင့် စစ်တွေအထွေထွေရောဂါကုဆေးရုံးကြီးမှ မီးယပ်နှင့်သားဖွားအထူးကု ဆရာဝန်ကြီးဒေါက်တာအေးမြစန္ဒာတို့က သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။

More Tags