စစ်တွေမြို့တွင် State Level Annual EPI Evaluation 2019 ကျင်းပပြုလုပ်

စစ်တွေမြို့၊ (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁)ရက်

     State Level Annual EPI Evaluation 2019 ကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့၊  နံနက်(၈:၃၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆန်းစစ်ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်၍ ယခု ၂၀၂၀ခုနှစ်တွင်  EPI လုပ်ငန်းများကို စနစ်တကျပိုမိုကောင်းမွန်စွာ လုပ်ဆောင်သွားကြရန်၊ ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရန် လိုအပ်ကြောင်းလမ်းညွှန်မှာ ကြားခဲ့ပါသည်။


     ဆန်းစစ်ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊  ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး များ၊ ရခိုင်ပြည်နယ်ရှိ(၁၇)မြို့နယ်မှ TMO၊ SMOများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း(EPI) တာဝန်ခံများ စုစုပေါင်းလူဉီးရေ(၅၀)ဦးခန့် တက်ရောက် ခဲ့ပြီး (၂၁-၁-၂၀၂၀ မှ ၂၂-၂-၂၀၂၀) ရက်နေ့အထိ ဆန်းစစ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags