စစ်တွေမြို့တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

စစ်တွေ၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၂)၌ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၃) ရက်၊ နေ့လယ် (၂) နာရီအချိန်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ က အဖွင့် မိန့်ခွန်း စကားပြောကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် က (COVID-19) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း‌ ပြောကြားခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ စုစုပေါင်းလူဦးရေ (၂၅) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

 

More Tags