စစ်တွေမြို့တွင် Advocacy and Orientation Workshop on Horizontal Approach on RMNCAH-N ကျင်းပပြုလုပ်

စစ်တွေမြို့၊ (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

     (၂၀၁၉) ခုနှစ်၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၁) ၌ Advocacy and Orientation Workshop on Horizontal Approach on RMNCAH-N ကို ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်က မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် အာဟာရလုပ်ငန်းများအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် အမျုးသမီးများနှင့်ကလေးများကို ကျန်းမာရေးဝန်ဆောင်မှုများပေးရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက ပေါင်းစပ်သော နည်းစနစ်များဖြင့် ဆောင်ရွက်ပေးရန်တို့ကို အဖွင့်စကားပြောကြားခဲ့ပါသည်။

 

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် မြို့နယ်(၁၇) မြို့နယ်မှ ကျန်းမာရေးမှူးများ၊ မြို့နယ်သူနာပြု ဆရာမကြီးများ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီး ကျန်းမာရေးဆရာမများတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ဒေါက်တာသံလွင်အောင် (ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး)၊ ဒေါက်တာခိုင်နှင်းဝေ (လက်ထောက်ညွှန်ကြားရေးမှူး/ အာဟာရဌာနစိတ်)၊ ဒေါ်မေရီသန်း (THN/သူနာပြုဌာနစိတ်)တို့က သင်ကြားပို့ချဆွေးနွေးပေးခဲ့ပါသည်။

More Tags