စစ်ကိုင်းမြို့၊ တလိုင်းကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းအိမ်ရာ ပေးအပ်ပွဲသို့ လူမှုရေးဝန်ကြီး တက်ရောက်

စစ်ကိုင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တလိုင်းကျေးလက်ကျန်းမာရေးဌာနတွင် အလှူရှင် ဦးအုန်းကြိုင်၊ ဒေါ်အေးသိန်းတို့မှ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လှူဒါန်းပေးအပ်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဝန်ထမ်းအိမ်ရာ လှူဒါန်းပေးအပ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဉီးခင်မောင်သိန်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလှူရှင်မိသားစုများ၊ ကျေးရွာမှ ပြည်သူလူထုများ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပါသည်။

 

     ထို့နောက် ဦးမောင်မောင်ကြီးမှ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဉီနှင့် မြေလှူဒါန်းခဲ့ရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ အလှူရှင် ဉီးအုန်းကြိုင်၊ ဒေါ်အေးသိန်းတို့မှ ဝန်ထမ်းအိမ်ရာနှင့်ပတ်သက်၍ အဆောက်အဉီမှတ်တမ်းများကို ပေးအပ်ရာ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဉီးကြည်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဉီးမှ အလှူရှင် မိသားစုအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ချီးမြှင့်ပြီး တလိုင်းကျေးရွာရှိ ပြည်သူလူထု ကိုယ်စား ဦးအောင်မြတ်မင်းမှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။

More Tags