စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ (၂၀၁၈-၂၀၁၉) ခုနှစ်အတွက် လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း အစည်းအဝေးကျင်းပ

မုံရွာ                          နိုဝင်ဘာလ(၅)ရက်

     မြို့နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်ရေးဆွဲအကောင်အထည်ဖော်ခြင်း (Development of Township annual Workplan for EPI) အစည်းအဝေးကို မုံရွာမြို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့မှစ၍ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အစည်းအဝေးအခမ်းအနားတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျန်းမာရေးမှူးများ စုစုပေါင်း(၉၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     အစည်းအဝေးတွင် မြို့နယ်အလိုက် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ရာတွင် အားနည်းခဲ့သောအချက်များနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသော နေရာများကို ရှာဖွေဖော်ထုတ်၍ ဦးစားပေးနေရာများ သတ်မှတ်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အသက်(၅)နှစ်အောက်ကလေးများအားလုံး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားသေဆုံးမှုများ လျော့နည်းသွားနိုင်စေရန် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ စနစ်တကျ ရေးဆွဲတင်ပြလာသော ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များ (bottom up workplan)အား ကျေးလက်ကျန်းမာရေးဌာနများမှတဆင့် ပေးပို့စေပြီး မြို့နယ်များမှ စိစစ်၍ ခွင့်ပြု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

More Tags