စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ပြုလုပ်ခြင်းအခမ်းအနား

ကနီ၊  ဇန်နဝါရီလ (၁၆)ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဆယ်အိမ်စုမှူးသင်တန်းကို (၁၅.၁.၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ကနီမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌက အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဆယ်အိမ်စုမှူးများ မှတစ်ဆင့် ပြည်သူလူထုအား ကျန်းမာရေးအသိပညာများမြင့်မားလာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာများ၊ သတင်းအချက်အလက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

    အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်အမတ်၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုများမှအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း အသိပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

More Tags