စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိကျေးရွာများသို့ တီဘီရောဂါနယ်လှည့် ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်

မြင်းမူမြို့၊ (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနနှင့် မြင်းမူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍(၁၃.၁.၂၀၂၀)ရက်နေ့မှ (၁၇.၁.၂၀၂၀) ရက်နေ့ထိ မြင်းမူမြို့နယ်အတွင်းရှိ ဘိုးမင်းကြီးကင်းရွာ၊ ဂုံညင်းဆိပ်ရွာ၊ တောချောင်းဦးရွာ၊ ငါးကင်းရွာနှင့် မြို့ပေါ်ရပ်ကွက်များသို့ ကျေးရွာပေါင်း (၆၉)ရွာနှင့် မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက် လူဦးရေပေါင်း (၁၀၄၅၂၄) ဦးကို လွှမ်းခြုံကာ(၅)ရက်ကြာ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါသည်။


     စုစုပေါင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ (၈၉၆)ဦး အနက်မှ   (၈၆၁)ဦးကို ဓါတ်မှန်ရိုက်စစ်ဆေး ပြီး (၁၄၅) ဦးကို သလိပ်စစ်ဆေးပေးခဲ့ရာ သလိပ်ပိုးတွေ့လူနာ(၂)ဦး အပါအဝင်  တီဘီလူနာစုစုပေါင်း (၁၂)ဦးကို ရှာဖွေကုသ ပေးခဲ့ပြီး သက်ဆိုင်ရာအခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ချိတ်ဆက်၍ တီဘီဆေးကုသမှုခံယူနိုင်ရန်စီစဉ်ပေးခြင်း အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း သွေးတိုး၊ ဆီးချို နှင့်HIV စစ်ဆေးပေးခြင်းများ ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

More Tags