စစ်ကိုင်းတိုင်းဒေသကြီး၊ နိုင်ငံတဝန်း ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာမြို့၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၂၆) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို မုံရွာမြို့၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဝက်သက် နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (၂၀၁၉) တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားတွင် ဒု−တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းငြိမ်းအေးက ကာကွယ်ဆေးထိုးလုပ်ငန်း ဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ ဝက်သက် နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းကို လှည့်လည်ကြည့်ရှူ အားပေးခဲ့ကြသည်။

 

     အဆိုပါ အသိပေးဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိခင် နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အသင်းဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ NGO/INGO နှင့် CSOs များမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၈၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

More Tags