စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဆောင်ရွက်

မုံရွာမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် UNFPA တို့ ပူးပေါင်း၍ ၂၀၁၉ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယသုံးလပတ်အတွက် မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို မုံရွာပြည်သူ့ဆေးရုံကြီး သလ္လာရတနာ အစည်းအဝေးခန်းမတွင် (၄-၁၂-၁၉) ရက်နေ့၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ မုံရွာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းဝင်း မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာညီညီလွင်မှ မိခင်သေဆုံးရခြင်းအကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာနယ်လီဝင်းမှ မိခင်တစ်ဦးချင်းသေဆုံးရသော အကြောင်းရင်း များကို တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ မှုခင်းဆရာဝန်ကြီးနှင့် ရောဂါဗေဒ ဆရာဝန်ကြီးတို့မှ မိခင်သေဆုံးရခြင်းအကြောင်းများနှင့် နောက်အလားတူ မိခင်သေဆုံးမှုမျိုး မဖြစ်ပွားစေရေးအတွက် တုန့်ပြန်ဆောင်ရွက်သွားရန်အတွက် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

More Tags