စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်း အသိပေးရှင်းလင်းခြင်းနှင့် သင်တန်းကျင်းပဆောင်ရွက်

မုံရွာမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

     (၆.၁၂.၂၀၁၉) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ အသိပေးရှင်းလင်းပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး၊ ဒေါက်တာဇော်ဝင်း တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ဆေးလိပ်ငွေ့ကင်းစင်စေရန်အတွက် ယခုသင်တန်းမှ ရရှိသော ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ်နှင့် ဥပဒေပါ ပြဌာန်းချက်များကို သိရှိနားလည်ပြီး ဌာနဆိုင်ရာများမှ မိမိတို့ မြို့နယ်များတွင် ပြန်လည်ဖြန့်ဝေခြင်း၊ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဉပဒေပါ ပြဌာန်းချက်အတိုင်း ဆေးလိပ်ငွေ့ကင်းစင်ရေးကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

     အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဇော်ဝင်း၊ စစ်ကိုင်း တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေရေးရာဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ၊ ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မုံရွာမြို့နှင့် စစ်ကိုင်းမြို့မှ တန်ခိုးကြီးဘုရားများမှ ဂေါပက အဖွဲ့ဝင်များ၊ အတက်တန်းကျောင်းအုပ်ဆရာကြီးဆရာမကြီးများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

More Tags