စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများအား Malaria Case Management မွမ်းမံသင်တန်း ပြုလုပ်ဆောင်ရွက်

ကန့်ဘလူ၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဉီးဆောင်၍ စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများ (Integrated Community Malaria Volunteers - ICMVs) အား Malaria Case Management နှင့်ပတ်သက်၍ မွမ်းမံသင်တန်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်မှ (၁၆) ရက်နေ့ထိ (၃) ရက်တာ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနလက်အောက်ရှိ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ (ICMVs) (၄၀) ခန့် တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် Malaria Elimination ကို ၂၀၃၀ ခုနှစ်တွင် ရရှိစေရန် ရည်မှန်းချက် ချထားပြီး အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

More Tags