စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် ဆေးရုံများအတွက် အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ် (DHIS2 Softwore) သင်တန်း (ဒုတိယအသုတ်)ကျင်းပ

မုံရွာမြို့၊ ၂၀၁၉- ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်

     (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆေးရုံများအတွက် အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ်(DHIS2 Softwore) သင်တန်း (ဒုတိယအသုတ်)ကို ဖွင့်လှစ်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)၊ ဒေါက်တာညီညီလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆေးရုံများတွင် အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ် (DHIS2Softwore) ဆောင်ရွက်နိုင်ရန်အတွက် (၂၀၁၈)ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မြို့နယ်ဆေးရုံများနှင့် အချို့မြို့နယ်ခွဲဆေးရုံများကို သင်တန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတဖန် တိုက်နယ်ဆေးရုံ(၆၃)ရုံနှင့် လက်ကျန်မြို့နယ်ပြည်သူ့ဆေးရုံ(၂)ရုံ စုစုပေါင်း(၆၅)ရုံကို သင်တန်းပေးပြီး ဆေးရုံတစ်ရုံလျှင် (Laptop)တစ်လုံးစီပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ်ဆောင်ရွက်ခြင်းအားဖြင့် ဆေးရုံများမှ ကုသရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးရုံလုပ်ငန်းဆောင်ရွက်နိုင်မှုများကို အချိန်နှင့်တပြေးညီ သိရှိပြီး ကျန်းမာရေးပြဿနာများကို သိရှိနိုင်ရုံသာမက ဆေးရုံများ၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ တက်ရောက်လာသော သင်တန်းသားများသည် ကျန်းမာရေးသတင်းစနစ်တွင် အဓိကအရေးပါသောသူများ ဖြစ်ကြ၍ သင်တန်းတွင် သေချာလေ့လာသင်ယူကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းကို (၂၅-၁၁-၁၉) ရက်နေ့မှ (၂၉-၁၁-၁၉) ရက်နေ့ထိ စုစုပေါင်း (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းသို့ တိုက်နယ်ဆေးရုံ (၁)ရုံလျှင် ဆေးမှတ်တမ်းတာဝန်ယူ ဆောင်ရွက် နေသူ(၁)ဦးနှင့် ကြီးကြပ်သူ(၁)ဦး စုစုပေါင်းနှစ်ဦးစီဖြင့် ဆေးရုံပေါင်း (၂၂)ရုံမှ သင်တန်းသားများနှင့် တိုင်းကျန်းမာရေးဦးစီးဌာန (ပက+ကုသ)မှ သင်တန်းသား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags