စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ်ပုံစံသစ်အသုံးပြုခြင်း ပြည်နယ်အဆင့် သင်တန်းကျင်းပ

ဟားခါး၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်

     ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသက်သက်မူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကျန်းမာရေးသတင်းအချက်အလက်) ဦးဆောင်၍ စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ်ပုံစံသစ် အသုံးပြုခြင်း ပြည်နယ်အဆင့်သင်တန်းကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်သက်မူက ကျန်းမာရေးသတင်း အချက်အလက်များ အရေးကြီးကြောင်း၊ ယခု လက်စွဲစာအုပ် ပုံစံသစ်တွင်ပါဝင်သည့် အချက်အလက်များအား ကြေညက်အောင် လေ့လာဆွေးနွေး သင်ယူစေလိုကြောင်း ပြောကြားပါသည်။


     သင်တန်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနခွဲအလိုက် တာဝန်ခံများ၊ မြို့နယ်အသီးသီးမှ ကျန်းမာရေးသတင်းအချက်အလက်တာဝန်ခံများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော NGO/INGO များ တက်ရောက်ပြီး သင်တန်းအား ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပါသည်။

More Tags