စုပေါင်းရေပေးဝေရေးစနစ် ဖွင့်ပွဲနှင့် တောထိုင်ဓလေ့ကင်းစင်သော ကျေးရွာများအား ဂုဏ်ပြုအသိအမှတ်ပြုခြင်း အခမ်းအနား ဆီဆိုင်မြို့၌ကျင်းပ

ဆီဆိုင်မြို့၊ မေလ (၂) ရက်

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော ပါလောပါကယ် ကျေးရွာ(၇)ရွာအား စုပေါင်းရေပေးဝေရေးစနစ် ဖွင့်ပွဲနှင့် တောထိုင်ဓလေ့ ကင်းစင်သော ကျေးရွာများအား ဂုဏ်ပြုအသိအမှတ်ပြုခြင်းအခမ်းအနားကို (၂-၅-၂၀၁၉)ရက်နေ့၌ ဆီဆိုင်မြို့ ညှို့မှူးရွာတွင် ကျင်းပပြုလုပ်ရာ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးမှူး ဦးခွန်စံလွင်၊ ပြည်နယ် မြို့နယ်များမှ တာဝန်ရှိသူများ ရပ်မိရပ်ဖ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ပါသည်။

 

     ဦးစွာ ရေပေးရေးစနစ်ဖွင့်ပွဲကို ဒေသဦးစီးမှူး ဦးခွန်စံလွင်နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများ UNICEF မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပါသည်။ ဆက်လက်၍ ဒေသဦးစီးမှူး ဦးခွန်စံလွင်၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ UNICEF NYHQ မှ Ma. Kelly Ann Naylar (Associate Director) တို့မှ အမှာစကား ပြောကြားကြပါသည်။

 

     ထို့နောက် ရေပေးဝေရေး အထိမ်းအမှတ်တံဆိပ်ပေးအပ်ခြင်း၊ ရေပေးဝေရေးစနစ် အောင်မြင်စွာ ဆောင်ရွက်သည့်ကျေးရွာများအား အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် တောထိုင်ဓလေ့ ကင်းစင်သော ကျေးရွာ(၇)ရွာတို့အား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။

More Tags