စေတနာ့ဝန်ထမ်း အရန်သားဖွား သစ်လွင်သင်တန်း ဆင်းပွဲ သံတွဲမြို့၌ ကျင်းပပြုလုပ်

စစ်တွေ                          နိုဝင်ဘာလ (၅)ရက်၊ ၂၀၁၈

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူး၍ 3MDG နှင့် Unicef အဖွဲ့တို့၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် နိုဝင်ဘာလ (၅)ရက်၊ နံနက် (၈:၃၀) နာရီတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စေတနာ့ဝန်ထမ်း အရန်သားဖွား သစ်လွင်သင်တန်းဆင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ)၊ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီ:ဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သံတွဲခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများ၊ Unicef အဖွဲ့မှ တာဝန်ခံ တို့တက်ရောက်ခဲ့ပါသည်။ ထို့ပြင် သင်တန်းသူများအား သင်တန်းဆင်းအသိအမှတ်ပြု လက်မှတ်များပေးအပ်ခြင်:၊ ထူးချွန်သူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်:၊ ကြက်ခြေနီ အခြေခံသင်တန်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန် ဆေးပုံးများ ထောက်ပံ့ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ဤသင်တန်းအား သံတွဲမြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသား/သူ (၂၄) ဦးကို မြိုနယ်အဆင့် သင်တန်းသား ရွေးချယ်ရေးအဖွဲမှ စနစ်တကျ ရွေးချယ်ကာ (၇.၅.၂၀၁၈) ရက်နေ့မှ (၅.၁၁.၂၀၁၈) ရက်နေ့အထိ (၆) လကြာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းဆရာ/ဆရာမများက သင်ကြားပေးခဲ့ပါသည်။

 

 

More Tags