စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သစ်လွင်သင်တန်းဖွင့်ပွဲအခမ်းအနား ရသေ့တောင်မြို့၌ ကျင်းပပြုလုပ်

စစ်တွေ                      အောက်တိုဘာ (၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူး၍ 3MDG နှင့် IRC အဖွဲ့တို့၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် အောက်တိုဘာ (၉) ရက်၊ နံနက် (၉) နာရီတွင် ရသေ့တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သစ်လွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 


 

     ယခုသင်တန်းအား ရသေ့တောင်မြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသား/သူ (၂၀) ဦးကို မြိုနယ်အဆင့် သင်တန်းသားရွေးချယ်ရေးအဖွဲက စနစ်တကျ ရွေးချယ်ကာ (၉.၁၀.၂၀၁၈) ရက်နေ့မှ (၉.၁၁.၂၀၁၈) ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းဆရာ/ဆရာမများက သင်ကြားပေးမည် ဖြစ်ပါသည်။


 

More Tags