စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှုအတွက် အကျဉ်းချုပ်ဆွေးနွေးပွဲ စစ်တွေမြို့၌ ပြုလုပ်ကျင်းပ

စစ်တွေမြို့၊ မေလ (၂၃) ရက်

     ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် လတ်တလောဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ယာယီခိုလှုံနေထိုင်နေရသော ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီ စောင့်ရှောက်မှုအတွက် အခြေခံကျန်းမာရေးပညာရှင်များအား သင်တန်းပေးရန် အကျဉ်းချုပ်ဆွေးနွေးပွဲကို (၂၃-၅-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် စစ်တွေမြို့၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

 

     အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ခံများ စုစုပေါင်း (၄၀) ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags