ခရိုင်အဆင့် HIV လူနာများအတွက် ART ဆေးစတင်ပေးသော ဆေးရုံကြီးများနှင့် မြို့နယ်များရှိ ဆင့်ပွားဆေးကုဌာနများညှိနှိုင်းအစည်းအဝေးပွဲ District Level ART Centers and DC sites Coordination Meeting

ရန်ကုန်မြို့၊ စက်တင်ဘာ (၂၁)ရက်

     (၂၁.၉.၂၀၁၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ကျင်းပသော ခရိုင်အဆင့် HIV လူနာများအတွက် ART ဆေးစတင်ပေးသော ဆေးရုံကြီးများ နှင့် မြို့နယ်များရှိဆင့်ပွားဆေးကုဌာနများ ညှိနှိုင်းအစည်းအဝေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြောက်ပိုင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ် ကြီးများ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဇော်၊ အပြည်ပြည်ဆိုင်ရာအစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် မြို့နယ်အလိုက် ခုခံကျကာလသားရောဂါနှိမ်နင်းရေး အဓိကဆောင်ရွက်နေသူများ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

 

 

 

More Tags