ချမ်းမြသာစည်မြို့နယ်၊ လေယာဉ်ကွင်းဟောင်းတွင် ဆီးချိုသွေးချိုစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ လေယာဉ်ကွင်းဟောင်း၌ ဒီဇင်ဘာလ (၈) ရက် နံနက် (၅) နာရီမှစတင်၍ မြန်မာနှင့်ထိုင်းချစ်ကြည်ရေးအဖြစ် သံဃာအပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါလောင်းလှူပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံဓမ္မကာယဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

 

     ၎င်းသံဃာအပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကြွရောက်လာကြသောသံဃာ တော်များအား မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်မှဦးဆောင်၍ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများဖြစ်ကြသော ဒေါက်တာယုယုဝေနှင့် ဒေါက်တာချမ်းငြိမ်းမောင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ ရှိမရှိစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတို့ကို ပြုလုပ်ပေးခဲ့ကြပါသည်။

More Tags