ဟားခါး၊ မေလ (၁၆) ရက်
ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အိုင်စီအာရ်စီအဖွဲ့တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့ ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ဆွေ တက်ရောက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အိုင်စီအာရ်စီ(ICRC) ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ Mr Enrique Ochoa Fernandez- Lomana အဖွဲ့တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ပြေးရှောင် ပြည်သူများအား ကယ်ဆယ်ထောက်ပံ့ရေး ဆိုင်ရာကိစ္စများ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပါသည်။