ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းတီဘီရောဂါကွင်းဆင်းရှာဖွေမှုဆောင်ရွက်

ဟားခါး၊ ဒီဇင်ဘာ (၂၈)ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးစီးလမ်းညွှန်ချက် ဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်(တီဘီ/အနာကြီး)နှင့် တီဘီနယ်လှည့်ကွင်းဆင်းရှာဖွေရေးအဖွဲ့(ACF)သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၃)ရက်နေ့ထိ ချင်းပြည်နယ် မတူပီမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်ပူးပေါင်း၍ မတူပီမြို့ပေါ်ပြည်သူများနှင့် အိုက္ကား၊ ရှာတလိုင်း၊ ရွာဗား၊ စာလ်ထောင်ကျေးရွာများရှိ ပြည်သူများ အတွင်း တီဘီရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

 

 

     လာရောက်ပြသသောပြည်သူများအား အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ပေး ခြင်း၊ သလိပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ လာရောက်ပြသသူ (၆၂၆)ဦး၊ ဓါတ်မှန် ရိုက်သူ(၅၆၁)ဦး၊ သလိပ်စစ်ဆေးသူ(၄၀)ဦး၊ Gene Xpert စစ်ဆေးသူ(၁၃)ဦး ရှိပြီး တီဘီလူနာ စုစုပေါင်း(၁၈)ဦးရှိ၍ ဆေးဝါးကုသမှုခံယူရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

 

 

 

More Tags