ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် State Level Maternal Death Surveillance Response Annual Review Meeting ကျင်းပ

ဟားခါး၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်

     State Level Maternal Death Surveillance Response Annual Review Meeting ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒေါက်တာမြင့်မိုရ်စိုး၊ ဒုတိယညွှန်ကြားရေးမှူး (Maternal and Reproductive Health) က အဖွင့်အမှာစကား ပြောကြားပါ သည်။

 

     ယင်းဆွေးနွေးပွဲသို့ ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီး (သားဖွား/မီးယပ်)၊ လက်ထောက်ဆရာဝန်(သားဖွား/မီးယပ်)၊ သူနာပြုဆရာမကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဌာနခွဲအလိုက်တာဝန်ရှိသူများ တက်ရောက်ပြီး ဒေါက်တာရှာရွန်ပါရ် လက်ထောက်ညွှန်ကြားရေးမှူး(မိခင်ကလေး/ကျောင်းကျန်းမာ/အာဟာရ) က ချင်းပြည်နယ် ၂၀၁၉ ခုနှစ်အတွင်း မိခင်သေ (၁၉) ဦး၏ သေဆုံးမှုအခြေအနေများအား ဆွေးနွေး တင်ပြရာ တက်ရောက်လာသူများမှ ဆွေးနွေးပါသည်။

More Tags