ချင်းပြည်နယ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ(၂၀၁၈) ကျင်းပ

ဟားခါး၊ မတ်လ (၁၅)ရက်

     ချင်းပြည်နယ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ် ဆွေးနွေးပွဲ(၂၀၁၈) ကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးက အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ချင်းပြည်နယ်ရှိ မြို့နယ်များမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူး(၁)များ၊ မြို့နယ်သူနာပြု (၁)များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊  ဌာနခွဲအလိုက် တာဝန်ရှိဝန်ထမ်း များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ တက်ရောက်ပါသည်။


 

     ၂၀၁၈ခုနှစ်အတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို မြို့နယ်အလိုက် ဆန်းစစ်မှုများ ပြုလုပ်၍ လုပ်ငန်းဆောင်ရွက် နိုင်မှုများပေါ်မူတည်ပြီး လုပ်ငန်းကောင်းမွန်စွာ ဆောင်ရွက်နိုင်မှု၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်မှု များအရ ကန်ပက်လက် မြို့နယ်မှ အကောင်းဆုံးဆု၊ တီးတိန်မြို့နယ်မှ ဒုတိယဆု၊ မတူပီမြို့နယ်မှ တတိယဆု အသီးသီး ရရှိ၍ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ချီးမြှင့်ခဲ့ပါသည်။

 
 

More Tags