ချင်းပြည်နယ်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးမှ သစ်လွင်သားဖွားဆရာမများနှင့် တွေ့ဆုံ

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်

     ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ချင်းပြည်နယ်သို့ ခန့်ထားသော သစ်လွင်သားဖွားဆရာမများအား ချင်းပြည်နယ်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးမှ တွေ့ဆုံ၍ လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်မှုများပေးခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းလမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့ပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများမှ လုပ်ငန်းအလိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်ကြပါသည်။

More Tags