ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနတွင် Logistic Management Information System Training at State Level သင်တန်းကျင်းပ

ဟားခါး၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ(၄)ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ Logistic Management Information System Training at State Level သင်တန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကား မြွက်ကြားပါသည်။


     အဆိုပါသင်တန်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယမင်းကျော်သူ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်(တီဘီ/အနာကြီး)နှင့် ဦးဒေါ့လျန်ဆန်း၊ ကျန်းမာရေးမှူး(၁)တို့မှ သင်တန်းပို့ချပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနခွဲအလိုက် တာဝန်ခံများနှင့် ချင်းပြည်နယ် မြို့နယ်အသီးသီးမှ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ခံများ တက်ရောက်ကြပါသည်။

More Tags