ချင်းပြည်နယ်တွင် ပြည်နယ်အဆင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဟားခါး၊ မတ်လ (၁၅)ရက်

     ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ(INGO, NGOs) နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (State Level Coordination Meeting  Between State Health Department & Implementing  Partners) ကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားမြွက်ကြားပါသည်။


 

     ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူး(၁)များ၊ မြို့နယ်သူနာပြု(၁)များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဌာနအလိုက် အဖွဲ့ခေါင်းဆောင်ဆရာဝန်များနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်း (၁၁)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာသော မိတ်ဖက်အဖွဲ့အစည်း များမှ အဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ တင်ပြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးမှ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးပါသည်။

 
 

More Tags