ချင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့သို့ ကွင်းဆင်းကြီးကြပ်မှု လုပ်ငန်းများဆောင်ရွက်

ဟားခါးမြို့ ၊ ဇူလိုင်လ (၂) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့သွားရောက်၍ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ဆေးစတိုအား စစ်ဆေးခြင်း၊ ခွဲစိတ်ခန်းပါတိုးချဲ့ (၂) ထပ်ဆောင်၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအားစစ်ဆေးခဲ့ပါသည်။

 

     ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မိမိတာဝန်များအား ကျေပွန်စွာထမ်းဆောင်ကြရန်၊ လုပ်ငန်းခွင်တွင် စည်းလုံးညီညွတ်စွာ အပြန်အလှန်လေးစားမှုဖြင့် ထမ်းဆောင်ကြရန် မှာကြား ပါသည်။ ထို့နောက် တည်ဆောက်ရေးလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအား သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို လမ်းညွှန်ခဲ့ ပါသည်။

 

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ညနေပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ရောက်ရှိရာ မင်းတပ်ဆေးရုံဝန်ထမ်းများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

     ထို့နောက် မင်းတပ်ခရိုင်ဆေးရုံအား လှည့်လည်စစ်ဆေးခြင်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်နေသော တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

 

    
     ဇူလိုင်လ (၃) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ ချင်းပြည်နယ်အတွင်း ကွင်းဆင်းခရီးစဉ် အစည်းအဝေးသို့ တက်ရောက် ဖြေကြားခဲ့ပါသည်။

More Tags