ချောင်းဉီးမြို့နယ်တွင် ကမ္ဘာ့ မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လူထုလှုပ်ရှားမှု အခမ်းအနား ကျင်းပ

ချောင်းဉီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဉီးမြို့တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လူထုလှုပ်ရှားမှု အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီတွင် ချောင်းဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ချောင်းဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာကျော်ထွန်းဉီးက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာနယ်လီဝင်း က အမျိုးသမီးများနှင့် အာဟာရကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဟာရဌာနခွဲမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာစန္ဒာအေး က အာဟာရ ဖွံ့ဖြိုးရေး၏ အရေးကြီးပုံ၊ အာဟာရ ဘဝရှေ့ဆောင်ရက်တစ်ထောင်၊ နို့တိုက်မိခင်နှင့် အာဟာရ၊ ကိုယ်ဝန်ဆောင်နှင့် အာဟာရ၊ သွေးအားနည်းရောဂါ စသည့် အာဟာရဆိုင်ရာ သိမှတ်လိုက်နာကျင့်သုံးဖွယ် အသိပညာ ဗဟုသုတများကို ပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရဆိုင်ရာမေးခွန်းများကို အပြန်အလှန်မေးမြန်း ဆွေးနွေးပြီး ဒေါက်တာနယ်လီဝင်း နှင့်အဖွဲ့မှ ပဲဆီ၊ ကြက်ဉနှင့် အာဟာရမုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

 

     အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ ချောင်းဉီးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဉီးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူလူထုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြ ပါသည်။

More Tags