ချောင်းဆုံ(ဗိုလ်ချုပ်အောင်ဆန်း)တံတားထိပ်၌ (Covid-19)ရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်

ချောင်းဆုံမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၆)ရက်

     မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့အဝင်ဗိုလ်ချုပ်အောင်ဆန်းတံတားထိပ်၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြဦးဆောင်ပြီး မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၁) နာရီမှစတင်ကာ မြို့နယ်တွင်း Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကိုယ်အပူချိန်များ တိုင်းတာခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်တံတားထိပ်၌ (၂၄) နာရီ ကြပ်မတ်စစ်ဆေးလျက်ရှိပါသည်။

More Tags