ခွေးကိုက်လူနာများအား ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေး ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်မြို့၊ မေလ (၂၁) ရက်

     (၂၁.၅.၂၀၁၉) ရက်နေ့ နံနက်ပိုင်း (၉:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ Panda Hotel ၌ ခွေးကိုက်လူနာများအား ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးကျင်းပရာ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးအား တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြလာသော ခွေးကိုက်လူနာစာရင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး အသုံးပြုသည့်စာရင်းများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်နှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ အသုံးပြုရာတွင် ကုန်ကျစရိတ်နည်းပါး၍ ထိရောက်မှုရှိသောနည်းလမ်းများကို ဖော်ထုတ်ပြီး ကာကွယ်ဆေးများကို စနစ်တကျသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါသည်။

 

     အဆိုပါအစည်းအဝေးသို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်၊ ဒုတိယညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးမှ ဆေးပညာပါမောက္ခ ဒေါက်တာတင့်တင့်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ဖိတ်ကြားထားသူများ၊ အမျိုးသားဓါတ်ခွဲဌာနမှ ဖိတ်ကြားထားသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတာဝန်ရှိသူများ စုစုပေါင်း (၅၃)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags